တစ်ခါတစ်လေအလုပ်လုပ်တဲ့အခါ Windows ၏ Taskbar ညာဘက်ခြမ်းမှာ မလိုအပ်တဲ့ icon တွေကြောင့် မျက်စိနှောက်ပြီးအလုပ်လုပ်ရတာအဆင်မပြေဘူးဖြစ်နေတယ်
ယခုပြမှာကတော့မိမိအသုံးများသော icon တွေသာ Taskbar ၏ညာဘက်မှာပေါ်ခိုင်းတဲ့နည်းလေးပါ
Windows 7,windows 8.1 နှင့် Windows 10 အကုန်အသုံးပြုလို့ရတဲ့နည်းလမ်းပါ
Windows ၏ Taskbar ညာဘက်ခြမ်းမှာရှိတဲ့ icon notifications ကိုပြု ပြင်ခြင်း
1. Taskbar ၏ညာဘက်ခြမ်းမှာမလိုအပ်တဲ့ icon တွေပေါ်လာတာတွေကိုတွေ့မည်
2. Date တွေပြတဲ့နေရာကို Right click လုပ်ပြီး customize notification icons ကို click လိုက်ပါ
3. Always show all icons and notification on the taskbar မှာအမှတ်ခြစ်ထားတာရှိရင်ဖယ်ထုတ်လိုက်ပါ
4. ဒီလိုပုံစံပြန်ရလာမည်
5. တြိဂံပုံလေးကို click လုပ်ပြီး customize ကို click လိုက်ပါ
6. ဒါနှင့် မိမိလိုချင်သောပုံစံအတိုင်း icon တွေကိုကြိုက်ရာပြု ပြင်လို့ရပါပြီ
show icon and notifications : icon အမြဲတမ်းပြသည်
Hide icon and notifications : icon အမြဲဖွက်ထားသည်
only show notifications : notification ရှိတဲ့ icon သာပြသည်







No comments:
Post a Comment