Monday, August 15, 2016

( Disk Defragmenter ) Windows 7 အတွက် Harddisk မျာရှိသော Data တွေကိုသေသပ်ပေးခြင်း



များသောအားဖြင့် Windows သုံးသူတွေအချိန်ကြာလာတော့ PC ဟာနှေးလာပြီး အရောင်ဖျော့ဖျော့နဲ့ အကြည်မလင်ဖြစ်လာတယ် အဲ့ဒါဘာ့ကြောင့်လဲဆိုတော့ Harddisk မှာရှိသော Data တွေဟာမသေသပ်တဲ့အကြောင်းကြောင့်ပဲ Program တွေကို Instrall လုပ်ခြင်း Data တွေကိုဟို copy ဒီ copy လုပ်ခြင်းလည်း Harddisk ထဲကအကုန်လုံးထည့်သွင်းနေရတာချည်းပဲ ဒါ့ကြောင့်အစီအစဉ်မကျတဲ့ Data တွေကိုသေသပ်အောင်ပြန်ပြီးစီပေးရတယ်







        အခုပြမှာကတော့ Disk Defragmenter လို့ခေါ်တဲ့ Defragment Disk သို့မဟုတ် Windows 8.1 မှာဆိုရင် Optimize Drive လို့လည်းခေါ်ပါတယ်

1. Windows 7 ၏ Start Menu ကိုဖွင့်ပါ > Search programs and files မှာ defragment လို့ရေးပါ  ပြီးရင် Defragment your hard drive ကို click လိုက်ပါ



2. Computer မှာရှိတဲ့ Drive တွေအားလုံးကိုတွေ့ရပါမည် > Defragment  လုပ်ချင်သော Drive တွေကို ရွေးယူပါ ပြီးရင် Analyze Disk ကို click လိုက်ပါ > ရင် Defragment Disk ကို click လိုက်ပါ  Computer Defragment လုပ်ပြီးတဲ့အထိစောင့်နေပါ


        Drive တစ်ခုခုကို Defragment လုပ်တဲ့အခါ အချိန်ကြာမကြာ ၎င်း Drive ထဲမှာရှိတဲ့ Data ၏ပမာဏပေါ်မှာမူတည်သည် PC နေ့တိုင်းသုံးသူတွေအတွက်ဖြစ်နိုင်ရင် တစ်လတစ်ကြိမ်လုပ်ပေးရင်အကောင်းဆုံးပါ  Defragment လုပ်တဲ့အချိန်မှာ Programs တွေအားလုံးကိုပိတ်ထားပေးပါ
       Harddisk ကို Defragment လုပ်ခြင်းဖြင့် Data တွေကိုသေသပ်အောင်ပြု လုပ်ပေးပြီး Computer သုံးတဲ့အခါမှာလည်း ပိုမြန်လာသည် ဒါပေမယ့် အများကြီးတော့မဟုတ်ပါ ဘာမှမလုပ်တာနှင့်ယှဉ်ရင်ပိုကောင်းတယ်ပေါ့
Note : Computer နှေးတဲ့ပြဿနာက Virus သို့မဟုတ် Malware  ကြောင့်လည်းဖြစ်နိုင်ပါသည်။

No comments:

Post a Comment